ကာလိ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စု၌ မိုးစပါးစံကွက်ရိတ်သိမ်း ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်ခန့်က ဆိုင်းခေါင်ကျေးရွာရှိ လယ်ကွင်းအမှတ်(၁၃)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုတွင် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနမှ ဦးစီးမှူး ဦးမောင်မောင်ခိုင်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းငွေလေးနှင့် ဝန်ထမ်းများ၊ ဟိုပန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းအုန်းပွင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာဝန်ထမ်းများတို့က ပူးပေါင်းပြီး ဝမ်ဆတ်ကျေးရွာရှိ တောင်သူဦးကြီး ဦးကုမရတွင် ဒေသစိုက်ရှမ်းကောက်ညှင်းစပါးမျိုး (၆ဒဿမ၆)ပေ ပတ်လည် ရိတ်သိမ်းတွက်ချက်ခဲ့ရာ တစ်ဧကလျှင် တင်း(၆၂) ခန့်ထွက်ရှိခဲ့ပြီး ဦးလုံးဟောင် ဒေသစိုက်ရှမ်းကောက်ညှင်းစပါးမျိုး (၆၆)ပေ ပတ်လည် ရိတ်သိမ်းပြီး တွက်ချက်ခဲ့ရာ တစ်ဧကလျှင် တင်း (၆၃)ခန့် ထွက်ရှိခဲ့ကြောင်း သိရသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ နောက်လာမည့် နှစ်များတွင် မိုးစပါးစိုက်ပျိုးနိုင်ရန် DU 12 မိုးစပါးမျိုးများဖြင့် ပြည်သူများအား ဆက်လက်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းငွေလေး ထံမှ သိရသည်။
ဝင်းကျော်(ကာလိ)