သာယာဝတီမြို့တွင် ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်မြန်မာစာဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ ၃ ဦးအား ဂုဏ်ပြုဆုချီးမြှင့်

သာယာဝတီ     နိုဝင်ဘာ ၂၈ 

၂၀၁၉ -၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲတွင် သာယာဝတီမြို့နယ်အတွင်း မြန်မာစာဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူ ဦးအား မြန်မာစာဂုဏ်ထူးဆောင် ဆရာကြီးပီမိုးနင်းအားဂုဏ်ပြုလျက် မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူး၍ ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် နာရီက သာယာဝတီမြို့နယ်၊သုံးဆယ်မြို့ ပီမိုးနင်းစာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် စာကြည့်တိုက်ကော်မတီ ဒုတိယဥက္ကဌ ဦးထွန်းထွန်းလင်း(ပန်းတကာမောင်ထွန်း)က ပီမိုးနင်းစာကြည့်တိုက်ဖြစ်ပေါ်လာပုံနှင့် မြန်မာစာဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ရခြင်း၏ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နန်းအေးခိုင်က သာယာဝတီမြို့နယ်အတွင်းယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ မြန်မာစာဂုဏ်ထူးရှင်စုစုပေါင်း()ဦးရှိပြီး အနာဂတ် မျိုးဆက်သစ်ကျောင်းသားလူငယ်များ မြန်မာစာပေကို မြတ်နိုးလေးစား တန်ဖိုးထားပြီး၊ မြန်မာစာ ဂုဏ်ထူးရအောင်မြင်မှုမှာ နည်းပါးမှုရှိသနေသဖြင့် ကျောင်းသားလူငယ်များ မြန်မာပေကို မြတ်နိုးလေးစား တန်ဖိုးထားကာ မြန်မာစာပေယဉ်ကျေးမှု အဆင့်အတန်းမြင့်မားထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရှင်းလင်းပြောကြားခဲ့သည်။ 

 ထို့နောက် ၂၀၁၉ -၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာဂုဏ်ထူးရရှိခဲ့ကြသည့် မောင်ရဲလင်းထွဋ်၊မမေမြတ်မွန်၊မဖြိုးဇင်ဝေ တို့အား တာဝန်ရှိသူများက တစ်ဦးလျှင်မြန်မာစာဂုဏ်ထူးဆောင်လက်မှတ်၊ဆုတံဆိပ်နှင့်၊ငွေသား ( ၄၀၀၀၀ )ကျပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

သန့်ဇော်(ပြန်/ဆက်)