ညောင်တုန်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

ညောင်တုန်း နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို နိုဝင်ဘာ၂၈ရက်နေ့ နံနက်၉နာရီအချိန်က အမှတ်(၂)၊ အခြေခံပညာအထက်ကျောင်းတွင် ကျင်းပခဲ့သည်။

ရှေ့ဦးစွာ အမှတ်(၂)၊ အခြေခံပညာအထက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇမျိုး‌သားနေ့သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးမှဖတ်ကြားသည်။

ထို့နောက် အမှတ်(၂)၊ အခြေခံပညာအထက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်သား သီချင်းတို့ဖြင့်သီဆိုဂုဏ်ပြုခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းမှ  (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်အကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့ များနှင့် ကျောင်းသားကျောင်းသူစုစုပေါင်(၆၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)