ဝေါ နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင် ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင် က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆုရွေးချယ်မှု အခြေအနေ များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ (၁၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
အောင်မြတ်လင်း