အမြို့မြို့အနယ်နယ်သတင်းများ

Nov 28,2021
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုဝင်ဘာ၂၇ရက်နေ့နံနက်(၈)နာရီက ‌ ကျုံကပြင်နှင့်လမ်းသမိုင်ရွာလေး ကျေးရွာအုပ်စု(၂)အုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ  အရောက်ကွင်းဆင်း ဆောင်ရွက်‌ပေးခဲ့ကြောင်းသိရသည်။
Nov 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျောင်းသား လူငယ်များနှင့် အများပြည်သူများ အမျိုးသားအောင်ပွဲနေ့ကို သတိတရ အမှတ်ရစေရေးနှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ပေါက်ဖွားစေရေးတို့ကို ရည်ရွယ်၍ နိုဝင်ဘာလ (၂၈)ရက်နေ့နံနက်(၉)နာရီအချိန်က (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
Nov 28,2021
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်) ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနကကြီးမှုးကျင်းပသောဓာတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲနှင့် Talk Show အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Nov 28,2021
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၉)နာရီကအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဒေါ်ပိုက်မိခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 28,2021
ယနေ့တွင်ကျရောက်သည့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဝိုင်အမ်ဘီ အေအသင်း(မော်လမြိုင်)၏သွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်အထွေထွေရောဂါကု ဆေးရုံကြီး သွေးလှူဘဏ်တွင်ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး၊ ဆေးရုံအုပ်ကြီး နှင့်ဆေးရုံအုပ်များ၊ ရောဂါဗေဒဆရာဝန်ကြီးနှင့် ဆရာဝန်များ၊ သွေးလှူဘဏ်မှ ကျန်းမာရေးဝန်ထမ်းများ၊ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဝိုင်အမ်ဘီအေအသင်းမှ အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်အားပေးသည်။
Nov 28,2021
(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့်ဆုချီးမြှင့်ပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အထက(၂၇) ကျောင်းတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
Nov 28,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအား အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ် လာပုံအကြောင်းကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနမှထုတ်ဝေသည့် " (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ " အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ် အတွင်းရှိ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံ လမ်းခွနေရာများအပါအဝင် လူစည်ကားရာနေရာတို့တွင် ပြည်သူများထံ လက်ဝယ် အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
Nov 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက(၁)ကျောင်း ရွေညီလာခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။