ဘုတလင်မြို့နယ်တွင် ရှင်ကျင့်ဝတ်စာမေးပွဲကျင်းပပြုလုပ်

ဘုတလင်  နိုဝင်ဘာ  ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ၊ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော်များအား မြို့နယ်သံဃနာယကအဖွဲ့မှကြီးမှူးကျင်းပသော ရှင်ကျင့်ဝတ်စာမေးပွဲကို နေ့လည်( ၁၂)နာရီအချိန်က အလယ်တန်းကျောင်း(ခုံမင်းကြီး)၌ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ရှင်ကျင့်ဝတ်စာမေးပွဲတွင်စာဖြေသံဃာတော်(ပထမအဆင့်)(၅၇)ပါး၊စာဖြေသံဃာတော်(ဒုတိယအဆင့်)()ပါး၊ စာဖြေသံဃာတော်(တတိယအဆင့်)()ပါး၊စုစုပေါင်း စာဖြေသံဃာတော်(၆၀)ပါးတို့အား ဘုတလင်မြို့ ခုံမင်းကြီးရပ်ကွက်လယ်ပြင်ကျောင်းတိုက်၌ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ရှင်ကျင့်ဝတ်စာမေးပွဲကို နေ့လည်(၁၂)နာရီအချိန်မှညနေ( )နာရီအချိန်ထိကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ထံမှ သတင်းရရှိပါသည်။ 

မြို့နယ်(ပြန်/ဆက်)