ဝေါ နိုဝင်ဘာ ၂၈
ဝေါမြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရှေ့ဘက်ကမ်းရပ်ကွက် အခြေခံပညာမူလတန်းလလွန်အောင်ချမ်းသာကျောင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ အခြေခံပညာမူလွန်ကျောင်းအုပ် ဆရာကြီး ဦးခင်စိုး က (၁၀၁) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်ဖြစ်ပေါ်လာပုံ အကြောင်းကိုရှင်းလင်းပြောကြားသည်။ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က (၁၀၁) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပပြုလုပ်ရည်ရွယ်ချက်အား ပြောကြားပြီး စာစီစာကုံးပြိုင်ပွဲဆုရရှိသူ မူအဆင့် (၃)ဦးနှင့် လယ်အဆင့် ဆုရရှိသူ(၃)ဦး စုစုပေါင်း ဆုရရှိသူ(၆)ဦးတို့ကို ဆုများအသီးသီးချီးမြှင့်ခဲဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိမြှင့်တင်ရေးဆောင်ရွက်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက် )
၀၉၂၅၄၂၉၀၁၃၃