အမြို့မြို့အနယ်နယ်သတင်းများ

Nov 28,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြိုနယ်၌ ဌာနဆိုင်ရာများပူးပေါင်း၍ အမှတ်၁ရပ်ကွက် ရှင်စောပုလမ်း၌ ယမန်နေ့ နံနက်၉နာရီအချိန်က YBS  ယာဉ်လိုင်းမှကားများ၊ အငှားယာဉ်များ၊ အိမ်စီးကားများ၊ ဆိုင်ကယ်များ၊ လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ လျော့နည်း၊ ကျဆင်း၊ ပပျောက်စေရေးအတွက် နှာခေါင်းစည်းMask တပ်ဆင်ခြင်း ရှိ/မရှိစစ်‌ ဆေးခြင်း၊ Mask များ (အခမဲ့) ဖြန့်ဝေ‌ပေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ လိုက်နာ ဆောင်ရွက်ရန် ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် အညီနေထိုင်ရန် အသိ ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန( Community Centre)ခန်းမ တွင် စာရေးဆရာလူထုစိန်ဝင်း ရေးသားထားသော“ စဉ်းစားတတ်အောင် ပညာသင်ပါ ”စာအုပ်ဖြင့် ဒုတိယအကြိမ် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်း က ကျင်းပပြု လုပ်ခဲ့သည်။
Nov 28,2021
မိတ္ထီလာမြို့တွင် ( ၁ဝ၁ ) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီအချိန်က အထက (၁) ခန်းမတွင်ကျင်းပကြောင်းသိရသည်။
Nov 28,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ စုကြီးရပ်ကွက်၊ မြို့တော်ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများ ကာကွယ်ဆေးထိုးရာတွင် အဆင်ပြေစေရေးအတွက် နေရာ(၂)နေရာခွဲပြီး စတုတ္ထအသုတ်(ပထမ)အကြိမ်နှင့် တတိယအသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
Nov 28,2021
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ၁၀၁နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်၉နာရီကအထကကော့မှူး ကျောင်းခန်းမ၌ကျင်းပခဲ့‌ ကြောင်းသိရသည်။
Nov 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသည့် ပြည်သူများအား ကျေးရွာ အရောက် ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ ယမန်နံနက် ၉ နာရီက ရပ်ကွက်(၁)နှင့် ရပ်ကွက်(၂)အတွင်းရှိ ပြည်သူများအား  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Nov 28,2021
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ တံတားမြို့တွင်(၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များကို ပြည်သူများ၏ ရင်ထဲ၌ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ကိန်းအောင်း နေစေရန် နှင့်အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်နိုးကြား စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့မဈေး၊အထက ကျောင်းနှင့်ကားဂိတ်တို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၂၈ ရက် နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။