မော်လ​မြိုင်ကျွန်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌(၁၀၁)နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပ 

မော်လမြိုင်ကျွန်း၊ နိုဝင်ဘာ ၂၈ 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊မော်လ​​မြိုင်ကျွန်းမြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်း ငုဝါခန်းမတွင် ယနေ့ နံနက် ၉နာရီက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ပွဲ အခမ်းအနား  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်   အမှတ်()အခြေခံပညာအထက်တန်းကျောင်းက  ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီးမော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်အုပ်ချုရေးမှူး ဦးသီဟဇော်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆိုပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 

အောင်အောင်