မိုးညှင်း နိုဝင်ဘာ ၂၉
ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းလုပ်ငန်းများကို မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် နိုဝင်ဘာ(၂၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာ၌ မိုးညှင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု များ တဖြည်းဖြည်း လျော့နည်းကျဆင်းလာမှုရှိသော်လည်း ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပေါ် နေသည့်အတွက် ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ လှိုင်လှိုင်ဌေး ဦးဆောင် သည့် အဖွဲ့ဝင်များက မိုးညှင်းခရိုင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးရသေး သည့် ဆရာတော်သံဃာတော်များနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို ပထမအကြိမ် အနေဖြင့် ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ထို့နောက် ကာကွယ်ဆေး မထိုးနှံမီ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက် ခြင်း၊ အမည်စာရင်းများ ရေးသွင်းခြင်းနှင့် ရောဂါပိုးရှိမရှိ နှာခေါင်းတို့ဖတ်(Swab) ယူခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ရောဂါပိုးမတွေ့ရှိသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် စုရပ်များဖြစ်ကြသည့် နိုဝင်ဘာလ(၂၆)ရက်နေ့၌ နန်းမားမြို့ အထက စာသင်ကျောင်းတွင် ဆရာတော်အပါအဝင် သံဃာတော်များ(၂၉)ပါး၊ ပြည်သူ (၁၃၇)ဦး တို့ကိုလည်းကောင်း၊ နိုဝင်ဘာလ(၂၇)ရက်နေ့၌ မိုးညှင်းမြို့ အမှတ်(၁)အထကစာသင်ကျောင်းတွင် ဒေသခံပြည်သူ(၃၈၅)ဦးနှင့် ဘီလူးမြို့ အထကစာသင်ကျောင်းတွင် ဒေသခံပြည်သူ (၂၃၃)ဦး စုစုပေါင်း (၆၁၈)တို့ကိုလည်းကောင်း အသီးသီးထိုးနှံပေးခဲ့ပြီး ကိုဗစ်ပိုးတွေ့ရှိခဲ့သူမှာ (၃)ဦးတာဖြစ် ကြောင်း သိရသည်။
ထိုကာကွယ်ဆေး ထိုးနှံပေးမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင် ဦးဆောင်သည့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပူးပေါင်း၍ လိုအပ်သည်များကို ပံ့ပိုးကူးညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ခရိုင် ပြန်/ဆက်)