လှိုင် ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၁၆)ရပ်ကွက်ရှိရာ၊ ယမန်နေ့ နံနက် ၉း၀၀အချိန်က (၁၂)ရပ်ကွက်အုတ်ကျင်းမှတ်တိုင်၊ တပ်မတော်ချည်မျှင့်နှင့် အထည်ချုပ်စက်ရုံရှေ့ သစ်ပင် သစ်ကိုင်းများ ရှင်းလင်းခြင်း၊ အမှိုက်များ မြက်ချုံများရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရလာကောင်းမွန်စေရေး၊ ရေမြောင်းများ ဖောက်လုပ်ခြင်းများကို လှိုင်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အစီအစဉ်ဖြင့် စည်ပင်ဝန်ထမ်း များမှဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။