ခိုလမ် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။
ခိုလမ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အခြေခံပညာကျောင်းများအား (ယာယီ) ပိတ်ထားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းများ ပြန်လည်ကျဆင်းလာသည့်အပြင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်သည့်အတွက် ယနေ့နံနက်ပိုင်းမှစ၍ ခိုလမ်မြို့ရှိ အခြေခံပညာကျောင်းများအား ပြန်လည် ဖွင့်လှစ်ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
ခိုလမ်မြို့အတွင်း ဖွင့်လှစ်ထားသည့်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျာ်မြင့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတို့က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နောင်ဟေးငင်း(ခိုလမ်)