ကျောက်ဆည် ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း များ အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်၉ နာရီက မှိုင်းပန်ကျေးရွာနှင့် တောင်တော်ကျေးရွာမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ထားရွှေနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်ညီ အသက် (၁၀)နှစ်မှ(၁၆)နှစ်အတွင်းရှိ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၆)နှစ်မှ (၁၈)နှစ် အကြား အမျိုးသား (၅)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၁၂)ဦး၊ အမျိုးသမီး(၁၃)ဦး စုစုပေါင်း (၃၄)ဦးအား နိုင်ငံသား စိစစ်ရေးကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု (၉၇)အုပ်စု၊ ကျေးရွာပေါင်း(၂၁၇)ရွာရှိပြီး ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုစာရင်းမရှိသူများ၊ နိုင်ငံသားကတ်မရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်အထိ အသက်(၁၈)အောက် (၃၂၃)ဦး၊ (၁၈) နှစ်အထက် (၂၄၃၅)ဦး စုစုပေါင်း (၂၆၆၇)ဦးနှင့် အမျိုးသား(၁၁၅၇)ဦး၊ အမျိုးသမီး(၁၀၈၁)ဦး ပါသည့် အိမ်ထောင်စု စာရင်း(၆၉၅)စု ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)