သံတောင်ကြီးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

သံတောင်ကြီး     ဒီဇင်ဘာ     ၁

ကရင်ပြည်ယ်၊ ဘားအံခရိုင်၊ သံတာင်ကြီးမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ " လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ "ဆောင်ပုဒ်နှင့်အညီ ယနေ့ နံနက်(၁၀)နာရီအချိန်က သံတောင်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ပြည်သူများ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ် ဦးစီးမှူး ဦးသိန်းထိုက်နှင့် ဝန်ထမ်းများက သံတောင်ကြီးမြို့ပေါ်ရပ်ကွက်နေ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)