ကမာရွတ်မြို့နယ်၌ အသက်၄၅နှစ်ပြည့်သူများနှင့် ကုမဏီဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ပထမအကြိမ် ထိုးနှံ​ပေး

ရန်ကုန်  ဒီဇင်ဘာ  ၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၄၅နှစ်နှင့်အထက် ပြည်သူများနှင့် ကုမဏီဝန်ထမ်းများကို ပထမအကြိမ် အဖြစ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိ နေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အ​ခြေခံပညာ မူလတန်း​ကျောင်း အ.မ.က(၂)၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများ ထိုးနှံခြင်းဆောင်ရွက်နေမှုကို မြိုနယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များမှ၊ ယနေ့မနက်ပိုင်း တွင်၊ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့များ၏ အရေးပေါ်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ လူအင်အားနှင့် ယာဉ်များ အဆင်သင့်ဆောင်ရွက်ထားမှု အခြေအနေများကို လည်းကောင်း၊ ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများအဆင်ပြေ၊ စိတ်အေးချမ်းသာ ဖြစ်စေရန်အတွက် စီစဉ်ထားမှုများကိုလည်းကောင်း၊ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်း အခြေအနေများနှင့်ပတ်သက်၍ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ

မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ပရဟိတအသင်းများက မိမိတို့တာဝန်ယူဆောင်ရွက်နေမှုအခြေအနေများကို ပြန်လည် ရှင်းလင်း ပြောကြား ခဲ့ကြောင်းသိရှိရသည်။