အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ဈေးများ၌ ပြည်သူများ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဈေးမီးဘေးလုံခြုံရေးတို့အတွက် အသိပညာပေး ဆွေးနွေးခြင်းနှင့် လိုက်လံစစ်ဆေးခြင်းများကို ယမန်နေ့ နေ့လည်ပိုင်းက မင်းဘူးမြို့မဈေးနှင့် စကုမြို့မဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးရုံး၌ ဒီဇင်ဘာလ ၁ ရက်၊ နံနက် ၉ နာရီ အချိန်က စိုက်ပျိုးနည်းပညာပေးသင်တန်းပို့ချခြင်းနှင့် တောင်သူများအား လက်တွေ့သရုပ် ပြသခြင်း ဖွင့်ပွဲအခမ်းအနားပြုလုပ်ကြောင်း သိရှိရပါသည်။
Dec 01,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် တစ်သောင်းနှစ်ထောင်ကျော်နှင့် အိမ်ထောင်စုလူဦးရေးစာရင်း လေးရာကျော် ဆောင်ရွက်ပေးနိုင်ခဲ့ ပြီး ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
Dec 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလ အတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် တွံတေး မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ တွံတေးမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီက အုန်းပင်စုရပ်ကွက်၊ ရွှေဆံတော်ဘုရား လမ်းမကြီးပေါ်ရှိ အ.ထ.က( ၁)ကျောင်းရှေ့နှင့် စျေးသစ် ရပ်ကွက်ရှိ မြို့မစည်ပင်သာယာရေးစျေးရှေ့တို့တွင် ဆန်၊ ဆီ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချ ရေး မော်တော်ယာဉ်များ၊ အသားရောင်းယာဉ်တို့ဖြင့် မြို့နယ်နေပြည်သူများအား‌ အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ဆီ၊ အသားများကို ဈေးနှုန်းသင့်တင့်စွာ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Dec 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လတာ ဘဏ္ဍာရေးနှစ် ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးအင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီက နောင်ဆွမ်းကျေးရွာအုပ်စု၊ နောင်ဆွမ်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
Dec 01,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြန်မာဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ယနေ့နံနက် ၈နာရီအချိန်က မြို့ပေါ်ရပ်ကွက် များ နှင့်လမ်းဆုံလမ်းခွများတွင် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။
Dec 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်က မိုးညိုမြို့၊ မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။