ဇေယျာသီရိ ဒီဇင်ဘာ ၁
၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လအတွင်း နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၁၀၀) အောက် လုပ်ငန်းများအတွက် နည်းပညာ အဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်တင်ဒါကော်မတီအဖွဲ့ဝင်၊ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးကျော်သန်းလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က တင်ဒါဆိုင်ရာ စည်းမျည်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လမ်းလုပ်ငန်း (၇) ခု အတွက် ကျပ်သန်း (၁၀၀) အောက် လုပ်ငန်းများအတွက် စုစုပေါင်း Lot(၃)ခု ခုတို့အား တင်ဒါ ခေါ်ယူခဲ့ပြီး တင်ဒါလျှောက်လွှာတင်သွင်းထားသည့် နည်းပညာအဆိုပြုလွှာများကို မြို့နယ် တင်ဒါကော်မတီအဖွဲ့ဝင် ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးကျော်သန်းလင်းက သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ မြို့နယ်တင်ဒါကော်မတီဝင်များနှင့် တင်ဒါ လျှောက်လွှာတင်သွင်းထားသည့် ကုမ္ပဏီများမှတာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ဖွင့်ဖောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း (ပြန်/ဆက်)