အမြို့မြို့အနယ်နယ်သတင်းများ

May 24,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူတက္ကသိုလ်တွင် ၂၀၂၂ ခုနှစ်ပညာသင်နှစ် အဝေးသင်သင်တန်း နောက်ဆုံးနှစ်ဝိဇ္ဇာဘာသာရပ် အထူးပြု‌ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘွဲ့နှင်းသဘင်ခန်းမဆောင်အတွင်း ကျင်းပသည်။
May 24,2022
ရှမ်းပြည်နယ်{တောင်ပိုင်း)ပင်လုံမြို့ မင်္ဂလာမွေတော်စာသင်တိုက်၌ (၆၄)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် အလှူမင်္ဂလာမဟာဓမ္မသဘင်အခမ်းအနားနှင့် (၆၃)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ ဓမ္မာစရိယစာမေးပွဲအောင် အရှင်သူမြတ်များအား အောင်လက်မှတ်နှင့် အောင်ဆုတော်ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ဓမ္မဝါစက သုမင်္ဂလာဗိမာန်တော်ကြီးတွင်ကျင်းပရာ လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ပြီး ဘွဲ့တံဆိပ်သေတ္တာ၊ ဘွဲ့တော်တုံးတို့ကို ဆက်ကပ်ပေးပါသည်။
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ အာရှရွှေကြယ် အမှတ်တံဆိပ် အဆစ်အမြစ်ရောင်ရောဂါသောက်ဆေး (ဆေးပြား/ ဆေးမှုန့်)အား အများပြည်သူ သုံးစွဲရန်မသင့်သော ဆေးဝါးဖြစ်ကြောင်း
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်ပညာရေးမှူးရုံး၌ စတင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
May 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ ဝိုင်ပျဉ်‌ရေကျေးရွာအုပ်စု ညောင်အိုင်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းနှင့်
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ဒလဘမ်း‌‌ကျေးရွာ အခြေခံမူလတန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းများ၊ ခြင်‌ဆေးဖြန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ယနေ့ နံနက် (၁၀)နာရီအချိန်က သွေးလွန် တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။