ရွှေကျင် မေ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ ဝိုင်ပျဉ်ရေကျေးရွာအုပ်စု ညောင်အိုင်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ဖြစ်ပွားခဲ့ရာ မိုးကြိုးဘေးမှဒဏ်ရာရသူတစ်ဦး၊ ပြိုကျပျက်စီးသွားသောနေအိမ်တစ်လုံးနှင့် မိသားစုဝင်များအား ထောက်ပံ့ပေးအပ်ခြင်းတို့ကို ယနေ့နေ့လယ် (၁၂:၃၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက မိုးကြိုးဘေးမှ ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ်(၅၀,၀၀၀/-) ပြိုကျပျက်စီးသွားသော နေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေကျပ်(၁၀၀,၀၀၀/-)နှင့် မိသားစုဝင်(၅)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးထောက်ပံ့ငွေကျပ် (၁၀,၅၀၀/-) စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၆၀,၅၀၀/-)နှင့် အိမ်ထောင်စုတစ်စုစာ ထောက်ပံ့ရေးပစ္စည်း(၁၇)မျိုးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဘေးဒဏ်သင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သဲစု(ပြန်/ဆက်)