အမြို့မြို့အနယ်နယ်သတင်းများ

May 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေး ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နေ့လယ် ၁ နာရီက အဆိုပါဘဏ်ခွဲတွင် စတင်ထုတ်ချေးပေးခဲ့သည်။
May 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းတံတား(တံတား)ထမံသီ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဥရုတံတား အဆင့်မြှင့်တင်ခြင်း၏ ကမ်းပြိုကာကွယ်ခြင်းလုပ်ငန်းတို့၏တည်ဆောက်ခြင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန် ဟုမ္မလင်းမြို့ဆောက်လုပ်ရေးရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။ 
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ  ပင်စင်စားများအား ပင်စင်လစာများကို ယမန်နေ့နံနက်ပိုင်းက စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် ညအချိန်များ၌ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရေးအတွက်
May 24,2022
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊  ငပု​တောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွား စေရေးအတွက် အဘိတ်ဆေးများခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီက မြို့ပေါ် ရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့ စိုက်ပျိုးရေးဦးစီးဌာန၏ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က မင်းသာစံပြကျေးရွာရှိ မင်းသာခြံစိုက်ကွင်းအတွင်းရှိ လယ်ဧက(၃)ဧကပေါ်တွင် ကြဲပက် စိုက်ပျိုးခဲ့ကြောင်းသိရသည်။
May 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စားပွဲတင် တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။