ဒဂုံဆိပ်ကမ်း မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ဒလဘမ်းကျေးရွာ အခြေခံမူလတန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းများ၊ ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ယနေ့ နံနက် (၁၀)နာရီအချိန်က သွေးလွန် တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါ မိုးဦးရာသီသို့ ရောက်ရှိလာပြီးဖြင့်သဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်များ အလွယ်တကူပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ဘုရားပန်းအိုးများ၊ ရေစည်၊ ရေပုံး၊ နှင့်ခြင်ခိုအောင်းနိုင်သော နေရာများတွင် ပိုးလောက်လမ်းများ ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး အသိပညာပေး ပြောကြားခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ ကျောင်းများရပ်ကွက်များတွင် လည်းခြင်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ သိရပါသည်။
ယခုအခါ ကျောင်းများကို ဇွန်(၁)ရက်တွင် ပြန်လည်ဖွင့်လှစ်ရန်ရှိသဖြင့် ကျောင်းသူ၊ ကျောင်းသားများ ကျန်းမာရေးစောင့်ရှောက်မှုကို အလေးထား ဆောင်ရွက်သည့်အနေဖြင့် ကျန်းမာရေးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ခြင်းဆေးဖြန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရသည်။
လဲ့လဲ့