အမြို့မြို့အနယ်နယ်သတင်းများ

Jun 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  နိုင်ငံတော်မှထောက်ပံ့သည့် မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေးကျေးရွာထူထောင်ရန်အတွက် ဒုတိယအကြိမ် ရန်ပုံငွေကျပ်(၃၆၀)သိန်း ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီခွဲက ဝမ်နောင်ကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ပုံလို့ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာစာရအဂ္ဂဓမ္မအဘိဝိသေသလဇ္ဇိပေသလ သာသနာ လက်ာရ အဂ္ဂမဟာ သဒ္ဒမ္မ ဇောတိကဓဇ သက်တော်( ၅၂ )နှစ်ပြည့် ဝိဇာတပူဇာ မွေးနေ့အထိမ်းအမှတ်အဖြစ် ကွန်ကရစ် လမ်းသစ်ဖွင့်လှစ်ခြင်းအခမ်းအနားကိုယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Jun 05,2022
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့ အမှတ်၅ အခြေခံပညာအထက်တန်းကျောင်း ပညာတံခွန်အခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ လုပ်ငန်းခွင်အကြိုမူအဆင့်သင် ဆရာ/ဆရာမများ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ​ပြုလုပ်ကြောင်း သိရသည်။
Jun 05,2022
“Oly One Earth” တစ်ခုတည်းသော ကမ္ဘာမြေဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ စစ်တွေတက္ကသိုလ်ဝန်းအတွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း တက်ရောက်သစ်ပင် စိုက်ပျိုးပေးသည်။
Jun 05,2022
သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုလင်ခရိုင်၊လွိုင်လင်မြို့နယ်၊ နမ့်စန်ဘိနယ်၊ ၂၀၂၂ ခုနှစ် မိုးရာသီလူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီက လွိုင်လင်မြို့နယ်နှင့်နမ့်စန်မြို့နယ် နယ်ခြားမှတ်တိုင်အနီး၊ လွိုင်လင်-နမ့်စန်သွားပြည်ထောင်စု ကားလမ်းမကြီး၏လက်ယာဘက်တွင် ပြုလုပ်ကြောင်းသိရသည်။
Jun 05,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကရင်ပြည်နယ်အတွင်း လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများခန့်ထားနိုင်ရေးအတွက် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ ကျင်းပခဲ့သည်။
Jun 05,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖလားမြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၃ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြို့နယ် (၁၂)မြို့နယ်မှ ပြိုင်ပွဲ ဝင်အသင်း (၁၂)တို့အား  အမှာစကားပြောကြားသည်။