မိုင်းရှူး မေ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် Clean & Green City အဖြစ်ဖော်ဆောင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်က မိုင်းရှူးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစိမ်းလန်းစိုပြေစေရေးအတွက် Clean & Green Cities အဖြစ် တိုးတက်အောင် ပထမဦးစားပေးအနေဖြင့် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေဖို့ မြို့နယ်နိမိတ်တိကျဖို့လိုကြောင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းတူးဖော်ပြင်ဆင်တိုးချဲ့ရန်၊ ရပ်ကွက်နေပြည်သူလူထုများလည်း ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ မြို့သန့်ရှင်းသာယာလှပဖို့ သက်ဆိုင်ရာဌာနများတွင်လည်း ဆောင်ရွက်ရန်လုပ်ငန်းများအား ခေါင်းစဉ်တစ်ခုခြင်းကို လုပ်ငန်းစုအလိုက် ပြုစုစေလိုကြောင်းနှင့် ပွင့်လင်းမြင်သာစွာ ဆွေးနွေးစေလိုကြောင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် သက်ဆိုင်ဌာနများက မိမိတို့နှင့် သက်ဆိုင်သည့်အပိုင်းများအလိုက် ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများ၊ မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိ၊ မြို့ဖများ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းလူ (ပြန်/ဆက်)