တောင်ငူတက္ကသိုလ် ၂ဝ၂၂ ခုနှစ် ပညာသင်နှစ် (အဝေးသင်)သင်တန်း နောက်ဆုံးနှစ် ဝိဇ္ဇာအထူးပြုများ အာစရိယပူဇော်ပွဲကျင်းပ

တောင်ငူ မေ ၂၄

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူတက္ကသိုလ်တွင် ၂၀၂၂ ခုနှစ်ပညာသင်နှစ် အဝေးသင်သင်တန်း နောက်ဆုံးနှစ်ဝိဇ္ဇာဘာသာရပ် အထူးပြု‌ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘွဲ့နှင်းသဘင်ခန်းမဆောင်အတွင်း ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် တောင်ငူတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များက ဆုံးမသြဝါဒစကားများပြောကြားပြီး အာစရိယပူဇော်ပွဲသို့ တက်ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူများက ပူဇော်ကန်တော့ခဲ့ကြသည်။

အဆိုပါ တက္ကသိုလ်တွင် ၂၀၂၂ ခုနှစ် ပညာသင်နှစ် ​အ‌ဝေးသင် သင်တန်းနောက်ဆုံးနှစ်ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ပထဝီဝင်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေနှင့် အရှေ့တိုင်းပညာအထူးပြုများ၏ အနီးကပ်သင်တန်းများကို ၁၉-၅-၂၀၂၂ ရက်နေ့မှ ၂၈-၅-၂၀၂၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား‌ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)