Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချောင်းဆုံမြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ…
May 24,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ ကမိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ(၁၅)ရွာမှ နေအိမ်ပြိုကျပျက်စီးခဲ့သော ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်လည်းကောင်း၊ အဆိုပါဘေးသင့်သည့် ကျေးရွာများ နေအိမ်အရောက်သို့လည်းကောင်း မြို့နယ်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဂျိုင်း(ကော့ကရိတ်) တံတားတည်ဆောက်ရေးလုပ်ငန်းခွင်ကြည့်ရှုစစ်ဆေး
May 24,2022
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးခင်ဇော်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ လိုက်ပါ၍ ယနေ့မွန်းလွဲ ၁ နာရီခန့်က မဟာမဲခေါင်ဒေသ အရှေ့-အနောက် စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ်ရှိ ဂျိုင်း(ကော့ကရိတ်)တံတား တည်ဆောက်ရေး လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းသတိပေးချက်များ လှည့်လည် ကြေငြာခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
May 24,2022
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းသတိပေးချက်များ လှည့်လည်ကြေငြာခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး(Mask Campaign) ဆောင်ရွက်
May 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး (Mask Campaign) ဆောင်ရွက်ခြင်းကို ယနေ့ နံနက်၈နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် အသိပညာပေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ခရိုင်၌ သစ်သီးယိုမျိုးစုံနှင့် မုန့်လုပ်နည်းသင်တန်းဖွင့်လှစ်
May 24,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တွင် မွန်ပြည်နယ် အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သစ်သီးယိုစုံနှင့် မုန့်လုပ်နည်း သင်တန်းကို မေ ၂၄ ရက်နေ့နံနက်၁၀နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်တွင် (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဆင်းပွဲ ကျင်းပ
May 24,2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (Grede-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းလိုက်နာစေရေး အတွက် ယနေ့ နံနက် (၁၀)နာရီက လူစည်ကားရာနေရာများတွင် ယာဉ်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့နယ်၌ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် ပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ…
May 24,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်ပညာပေး သင်တန်းဆင်းပွဲအခမ်းအနားကို ထမ္မရာဇ်ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20519
Page
20520
Page
20521
Page
20522
Current page
20523
Page
20524
Page
20525
Page
20526
Page
20527
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department