တွံတေးမြို့နယ်၌ စျေးကွက်အတွင်း "အာရှရွှေကြယ်အဆစ်အ​မြစ်ရောင်ရောဂါသောက်ဆေး"ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေး

တွံတေး မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ အာရှရွှေကြယ် အမှတ်တံဆိပ် အဆစ်အမြစ်ရောင်ရောဂါသောက်ဆေး (ဆေးပြား/ ဆေးမှုန့်)အား အများပြည်သူ သုံးစွဲရန်မသင့်သော ဆေးဝါးဖြစ်ကြောင်း နေ့စဉ်ထုတ်သတင်းစာတွင် အသိပေးကြေညာထားပြီးဖြစ်သော်လည်း ယနေ့တိုင်စျေးကွက်တွင် တွင်တွင်ကျယ်ကျယ် ရောင်းချလျက်ရှိသည့်အတွက် အများပြည်သူကျန်းမာရေးကို ရှေးရှု၍ တွံတေးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆက်လက်ရောင်းချခြင်း ရှိ/ မရှိကို ယနေ့နေလည် ၁ နာရီက တိုင်းရင်းဆေးပညာဦးစီးဌာန၊ တွံတေးမြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာတို့က ဆေးဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူးဒေါ်မြမွန်စိုး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့်ဝန်ထမ်းများက စျေးကွက်အတွင်းရှိ ဆေးအရောင်းဆိုင်များအား "အာရှရွှေကြယ်အမှတ်တံဆိပ် အဆစ်အမြစ်ရောင်ရောဂါသောက်ဆေး" (ဆေးပြား/ဆေးမှုန့်)ရောင်းချခြင်း ရှိ/ မရှိစစ်ဆေးခဲ့ကြောင်း သိရသည်။

တွံတေးသား