အမြို့မြို့အနယ်နယ်သတင်းများ

May 24,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့မွန်းလွဲ  (၂:၀၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 24,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ရေလမ်းခရီးသွားပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာများကိုသိရှိပြီး ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်နားတန်းရပ်ကွက်ရှိ ဂျပန်မဆိပ်ကမ်းသို့သွားရောက်ကာ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
May 24,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေးနှင့် မီးလောင်မှုဖြစ်ပွား လာပါက မီးငြှိမ်းသတ်ခြင်းလုပ်ငန်းကို လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၆၈.၁၅ သန်း ဖြင့် ပြည်နယ်မီးသတ်ဦးစီးဌာနမှ အသစ်တည်ဆောက်သွားမည့် လယ်ကုန်းနယ်မြေမီးသတ်စခန်း (၄၅×၅၀×၂၆) ပေ RC (၂)ထပ် အဆောက်အဦသစ်ဆောက်လုပ်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားကို မေ ၂၄ ရက် နံနက် ၈ နာရီခွဲက လယ်ကုန်းရပ်ကွက်ရှိ အဆိုပါ နယ်မြေမီးသတ်စခန်းမြေနေရာ၌ ကျင်းပပြုလုပ်သည်။
May 24,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြရာ ပခုက္ကူမြို့နယ်တွင်
May 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အင်္ဂလိပ်စာအခြေခံ သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက် ၉နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
May 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီး   Phone ဖြင့် Video Editing ပြုလုပ်နည်း သင်တန်းဖွင့်လှစ် သင်ကြားပေးနေကြောင်း သိရသည်။
May 24,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်လာစေရေးကို ရည်ရွယ်လျက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းကို ယနေ့မွန်းတည့် အချိန်က ရမ်းဗြဲမြို့နယ်၊ YB-ချောင်းဖျားအုပ်စု၊ ထိန်တွေကျေးရွာတွင် ဖွင့်လှစ်ကြသည်။
May 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လန်း စစ်ဆေးခြင်းနှင့် ခြင်များ ခိုအောင်းနိုင်သည့်နေရာများအား ဆေးဖျန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ဟင်္သာတမြို့ တာကလေးရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။