Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လွိုင်လင်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 26,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၌ ကျောင်းအပ်နှံရေးနေ့အခမ်းကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (နဝဒေး)ခန်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ် လက်ခံခြင်းဆောင်ရွက်
May 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ် နှင့်အညီ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်(၉:၀၀)နာရီအချိန်ခန့်က အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လေဘေးသင့်အိမ်ထောင်စုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ထောက်ပံ့ပေးအပ်
May 26,2022
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း မေလ (၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၆/၇) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂) စုနှင့် ကျေးရွာ (၂) ရွာတို့တွင် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့်အိမ်ခြေ (၆) လုံးတို့မှ အိမ်ထောင်စု(၆)စုသို့ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်း ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
May 26,2022
မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်တွင် ကလေးသူငယ်များကျောင်းသား/ကျောင်းသူများ စာပေနှင့်အမြဲထိတွေ့မှုရှိစေရန်အတွက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာစေရန်၊ ဗဟုသုတအတွေးအမြင်များရရှိစေရန်၊ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာမှတောင်သူများနှင့်တွေ့ဆုံဆွေးနွေး
May 26,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးဦးမြင့်စိုးသည် ကရင်ပြည်နယ်အတွင်း သမဝါယမလယ်ယာကန်ထရိုက်စနစ် ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအုပ်စု၊ သမ္ဘာန်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာပြန့်ပွားရေးစင်တာခန်းမ၌ ကန်ထရိုက်လယ်ယာစနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် သမဝါယမအသင်းသား/သူ တောင်သူလယ်သမားများနှင့် ရင်းနှီးစွာတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်
May 26,2022
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Phase-11) ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့မှစတင်၍ ရပ်ကွက်/ ကျေးရွာများအလိုက် သတ်မှတ်စုရပ် နေရာများတွင် ထိုးနှံပေးသွား မည်ဖြစ်သဖြင့် ကျောင်းသား/ ကျောင်းသူများ၏ မိဘများအနေဖြင့် ကျောင်းအပ်လက်ခံမည့် (၂၆) ရက်နေ့တွင် သက်ဆိုင်ရာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးကြေညာထားပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်းနှင့် အသိပေးနှိုးဆော်ခြင်း များကို လှည့်လည်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
May 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် အဘိတ်ဆေးများ ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို တာဝန်ရှိအဖွဲ့အစည်းများပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် အေးရိပ်ငြိမ်ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံခြင်းများ စတင်ဆောင်ရွက်
May 26,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းအပ်နှံခြင်းသီတင်းပတ်အဖြစ် ယနေ့နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်နှံခြင်းများ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20495
Page
20496
Page
20497
Page
20498
Current page
20499
Page
20500
Page
20501
Page
20502
Page
20503
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department