ငါ့သရောက်မြို့နယ် အခြေခံကျောင်းများတွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများစတင်ဆောင်ရွက်

ငါ့သရောက် မေ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံကျောင်းများဖြစ်သည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းအပ်လက်ခံနေပြီး ဖြစ်ကြောင်း သိရပါသည်။

ငါ့သရောက်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံကျောင်းများရှိ ကျောင်းနေရွယ်ကလေးများအားလုံးပညာသင်ယူခွင့်ရရှိရေးအတွက် “ကျောင်းအပ်နှံကျပါစို့” ဆောင်ပုဒ်နဲ့အညီအပ်နှံလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၏ ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများစသည်တို့အပြင် သူငယ်တန်းမှပဥ္စမတန်းအထိ ကျောင်းဝတ်စုံ(၁) စုံကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေ (ပြန်/ဆက်)