ပိုင်ကျုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ပိုင်ကျုံ  မေ ၂၆

ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့တွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်  ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယနေ့နံနက်မှ ဇွန် ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကိုသက်ဆိုင်ရာ အတန်းလိုက်  ဆောင်ရွက်လျက်ရှိရာ အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ စသည်တို့အပြင် မူလတန်းအဆင့် ကျောင်းသားကျောင်းသူများကိုနိုင်ငံတော်မှ  ကျောင်းဝတ်စုံတစ်စုံစီ ထောက်ပံ့ပေးသွားမည်ဖြစ်‌ကြောင်းသိရသည်။

အဆိုပါ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးသက်ဆိုင်ရာရပ်ကွက်/ကျေးရွာများရှိ ကျောင်းများအလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)