ရွှေကျင် မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊ ကျောင်းသူများအား တပြိုင်နက်ထဲ ကျောင်းအပ်စတင် လက်ခံပြီးဖြစ်ကြောင်း သိရသည်။
ကျောင်းအပ်လက်ခံသည့်ကာလအား မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိသက်မှတ်ကာ မူလတန်းကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံများ၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ဘောပင်များ အခမဲ့ ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၉) ကျောင်း၊ အ.ထ.က (ခွဲ) ကျောင်း (၇) ကျောင်း၊ အလယ်တန်းကျောင်း (၃) ကျောင်း၊ အ.လ.က (ခွဲ) ကျောင်း (၁၄) ကျောင်း၊ မူလတန်းလွန်ကျောင်း (၆၃) ကျောင်း၊ မူလတန်းကျောင်း (၃) ကျောင်း၊ အ.မ.က (ခွဲ) ကျောင်း (၄) ကျောင်း စုစုပေါင်း (၁၀၃) ကျောင်းနှင့် ဘုန်းတော် ကြီးသင်ပညာရေးကျောင်း (၄) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁) ကျောင်းတို့၌ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်းနှင့် ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်း အားလုံးဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးညွန့်ဝေထံမှ သိရသည်။
သဲစု(ပြန်ဆက်)