အမြို့မြို့အနယ်နယ်သတင်းများ

May 26,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်ပိုင်းက ကျောင်းအပ်စတင်လက်ခံခြင်း ဆောင်ရွက်ကြောင်း သိရသည်။
May 26,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် အင်္ဂလိပ်စာ (Grammar) (အခမဲ့) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
May 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(၂) ဧရာဝတီခန်းမ၌ ယနေ့နံနက် (၁၁) နာရီအချိန်က ကျင်းပသည်။ အဆိုပါအခမ်းအနာတွင် အ.ထ.က(၂) ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးလပွတ္တာ ခရိုင်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အဖွင့်မှာစကားပြောကြားသည်။
May 26,2022
မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေး ကျောင်းအပ်နှံ လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ လက်ခံပေးလျက်ရှိကြောင်း သိရသည်။
May 26,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် “ကျောင်းနေ အရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိဖို့ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ တွင် ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 26,2022
လေးမျက်နှာမြို့နယ်တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နေ့လည်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်း အနားတွင် ဟင်္သာတခရိုင်ပညာရေးမှူး ဦးတိုးဝင်းက ပညာရေးဌာန၏ ရည်မှန်းချက်နှင့် ဆောင်ရွက် နေမူများကို ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲရင့်နောင်တို့က ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်း သာစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် ကျောင်းအပ်နှံရေးအတွက် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ငွေဋ္ဌေးက မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ စာသင်နှစ်အတွက် စာသင်ကျောင်းများ အသင့်ပြင်ဆင်ထားရှိမူများ၊ နိုင်ငံတော်မှ ထောက်ပံ့ပေးသော ပရိဘောဂများ၊ ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များအား မြို့နယ် အတွင်းရှိကျောင်းများသို့ အချိန်မီပို့ဆောင်ပြီးစီးမူအခြေအနေ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ သိရှိထားသင့်သော ယနေ့ပညာရေးစနစ် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။