ကျွန်းလှမြို့နယ်၊ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်စတင်လက်ခံခြင်းဆောင်ရွက်

ကျွန်းလှ မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်ပိုင်းက ကျောင်းအပ်စတင်လက်ခံခြင်း ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ကျောင်းအပ်နှံခြင်းကို မေ (၂၆) ရက်မှ ဇွန် (၁) ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံလျက်ရှိကြောင်း၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ခဲတံ၊ ဘောပင်၊ ဗလာစာအုပ်နှင့် သူငယ်တန်းမှ ပဉ္စမတန်းအထိ ကျောင်းဝတ်စုံတစ်စုံကို နိုင်ငံတော်ကအခမဲ့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အထက်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်း (၇) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၃) ကျောင်း၊ မူလတန်းလွန်းကျောင်း (၁) ကျောင်း၊ မူလတန်းကျောင်း (၄) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၁၉) ကျောင်း၌ ကျောင်းအပ် စတင်လက်ခံလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးဝင်းညို (ပြန်/ဆက်)