အမြို့မြို့အနယ်နယ်သတင်းများ

May 26,2022
ရန်ကုန်အ‌‌ရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
May 26,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ် မြို့နယ်အဆင့် အခမ်းအနားကို မေလ(၂၆)ရက်နေ့ နံနက်ပိုင်း ၉:၀၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
May 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ယနေ့နံနက် ၉နာရီမှစတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ကျောင်းအပ်နှံခြင်းကို စတင်ဆောင်ရွက်လျက်ရှိသည်။
May 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် မေလ(၂၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်မှစ၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို စတင်လက်ခံဆောင်ရွက်လျက်ရှိပြီး အဆိုပါကျောင်းအပ်နှံမှု အခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
May 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို မေလ ၁၆ ရက်နေ့မှ ဇွန်လ(၁)နေ့အထိ သတ်မှတ်ထားရာ ယနေ့နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
May 26,2022
မွန်ပြည်နယ်၊ ကျိုက်မရောရှိ နတ်စမ်းကျေးရွာမှ ကြက်မောက်သီးများ ယခုချိန်မှစတင်ကာ လှိုင်လှိုင်ပေါ်ထွက်ပြီး စျေးကောင်းလည်းရသဖြင့် ခြံပိုင်ရှင်များမိသားစုဝင်ငွေ တိုးလျက်ရှိကြောင်း သိရသည်။
May 26,2022
မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင် နှစ်အတွက်   ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေး မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ယနေ့နံနက် ၈ နာရီမှစတင်၍ ကျောင်းသား/သူများ ကျောင်းအပ်နှံနိုင်ရေး လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။
May 26,2022
စစ်ကိုင်းတိုင်း​​ဒေသကြီး၊​ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့ နံနက်(၁၀)နာရီအချိန်က ​ရွှေဘိုမြို့နယ်စာ​ပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ  ရွှေဘို​အတွေး​ရွှေဘို​သွေးမဂ္ဂဇင်းစာအုပ်မှ ကို​တေဇာ(သာခို​တောင်)​ရေးသားသည့်  “စကား” အားစာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။