အမြို့မြို့အနယ်နယ်သတင်းများ

May 26,2022
အခြေခံပညာကျောင်းများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းမှစတင်ကာ ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
May 26,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၅ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
May 26,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်  ၇ နာရီအချိန်မှ စတင်ထုတ်ပေးလျက်ရှိရာ ပင်စင်လစာလာရောက်ထုတ်ယူသူ များပြားလျက်ရှိကြောင်း သိရသည်။
May 26,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပုဂ္ဂလိကပိုင်ယာဉ်များ ကြီးကြပ်ရေးကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြစ်ကြီးနားမြို့ မြစ်ဖျားဧရာ အဝေးပြေးကားဝင်းရှိ အဆိုပါရုံး အစည်းအဝေခန်းမတွင် ကျင်းပခဲ့သည်။
May 26,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေဗဟုသုတများရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သောအကြောင်းအရာများအား သိရှိလာနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
May 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများအား ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကျော်နှင့် ဝန်ထမ်းများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အမှတ် (၁၆)ရပ်ကွက်အတွင်းရှိ အဘိုး၊ အဘွားများထံ လိုက်လံထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
May 26,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် ပညာရေးနှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အ‌ခြေခံပညာအထက်တန်းကျောင်း (ချီဖွေ) ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။