အမြို့မြို့အနယ်နယ်သတင်းများ

May 26,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံ​ခြင်းကို ယနေ့ မေလ၂၆ ရက် နံနက်ပိုင်းမှ စတင်ကာ  ဆရာ၊ ဆရာမများက လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
May 26,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သစ်ပုံအုပ်စု၊ ငှက်ပျောတောကျေးရွာတွင် ယခုလ၂၁ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ အုန်းပင်လဲကျ ပျက်စီးသွားသော မိသားစုများအား ယနေ့နံနက်၁၀နာရီက ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုထိန်းညှိရန်၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရန်နှင့်
May 26,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍  ကျောင်းသား/သူများအား ယနေ့ နံနက် ၁၀ နာရီမှ စတင်ကာ ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်နှံရေး အခမ်းအနားကို  အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 26,2022
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည့် မေ ၂၆ ရက်နေ့မှ စတင်၍ သံတွဲမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင် အပ်နှံလျက်ရှိကြောင်းသိရသည်။
May 26,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.က(၁၄)ကျောင်း၊ အ.ထ.က(ခွဲ)(၄၃)ကျောင်း၊ အ.လ.က( ၅၅)ကျောင်း၊ အ.လ.က (ခွဲ)(၃၁)ကျောင်း၊ အ.မ.က( ၃၅)ကျောင်း၊ အ.မ.က( ခွဲ)  (၆) ကျောင်း၊ အ.မ.က( မူလွန်)(၂၈) ကျောင်းစုစုပေါင်း(၂၁၂)ကျောင်းတို့အား ယနေ့နံနက်(၉)နာရီ အချိန်က ကျောင်းများဖွင့်လှစ်၍ကျောင်းအပ်နှံ ပေးလျက်ရှိကြောင်းသိရသည်။
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က ဝေါကျောင်းသီရိဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ၏ အုပ်ထိန်းသူ မိဘပြည်သူများ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဝေါမြို့နယ်အခြေခံပညာကျောင်းတွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိသည်။
May 26,2022
ကရင်ပြည်နယ် ဘားအံမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိရေးအ တွက် အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံလက်ခံပေးလျက်ရှိရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း‌‌အဆင့် ကျောင်းသား/ ကျောင်းသူများ လာရောက်အပ်နှံလျက်ရှိကြောင်း သိရှိရသည်။