လပွတ္တာ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(၂) ဧရာဝတီခန်းမ၌ ယနေ့နံနက် (၁၁) နာရီအချိန်က ကျင်းပသည်။ အဆိုပါအခမ်းအနာတွင် အ.ထ.က(၂) ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးလပွတ္တာ ခရိုင်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အဖွင့်မှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင် ပညာရေးမှူး ဦးအေးလွင်က ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သတ်၍ ရှင်းလင်း ပြောကြားပြီး ထက်/လယ်/မူ ကျောင်းများမှ ကျောင်းသား/သူများအတွက် ထောက်ပံ့ပစ္စည်းများ၊ ခရိုင်မြို့နယ်ပညာရေးမိသားစုများမှ ဆင်းရဲနွမ်းပါး ကျောင်း(၁၈)ကျောင်းအတွက် ဗလာစာအုပ်(၂၀၀)အား လှူဒါန်းခြင်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်ထွန်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
လပွတ္တာခရိုင်အတွင်းရှိ အထက၊ အလက၊ အမက ကျောင်းပေါင်း (၄၃၁)ကျောင်းတွင် ယနေ့ ကျောင်းအပ်နှံသူစုစုပေါင်း(၃၆၂၈)ဦး ရှိကြောင်း သိရှိရသည်။
လပွတ္တာ ခရိုင်(ပြန်ဆက်)