အမြို့မြို့အနယ်နယ်သတင်းများ

May 26,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။
May 26,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်ရှေးဟောင်းအဆောက်အဦအဖြစ်သတ်မှတ်ခဲ့သည့် ကိုလိုနီခေတ်ရုံးအဆောက်အဦ(၄)ခုအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီး၊ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
May 26,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အ​ခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အ​ခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ ​ကျောင်းအပ်နှံ​ရေးအခမ်း အနားကို “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ယ​နေ့နံနက်(၁၀)နာရီအချိန်က ဖြူးမြို့နယ် အ​ခြေခံပညာအထက်တန်း​ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 26,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်မြို့နယ်၌​​ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်း​နေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်​ရေးအတွက် ကျောင်း​နေအရွယ် က​လေးအားလုံး ပညာသင်ယူခွင့်ရဖို့ ​ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ အ​ခြေခံပညာ​ကျောင်းအသီးသီးတွင် ယ​နေ့နံနက် ၉နာရီက​​ ကျောင်းအပ်နှံခြင်းများကို စတင်လက်ခံ​ဆောင်ရွက်ပေးလျက်ရှိ​ကြောင်း သိရသည်။
May 26,2022
ကချင်ပြည်နယ် အခြေခံပညာဦးစီးဌာနနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာ‌ကျောင်းများမှ ကာယပညာဘာသာရပ် ဆရာ/မများအတွက် အခြေခံပညာ ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
May 26,2022
မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများသည် “ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည်” ဆောင်ပုဒ်အတိုင်း နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် စိတ်ဓာတ်တိုးတက်မြှင့်မားစေရေးရည်ရွယ်၍ လုပ်ငန်းခွင်မပျက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ ဆန်းဆစ်ချက် ဖြေဆိုခြင်းကို ယမန်နေ့ညနေ(၃)နာရီအချိန် အဆိုပါရုံးအစည်းအဝေးခန်းမ၌ ဖြေဆိုခဲ့ကြောင်းသိရသည်။
May 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်များအတွင်း စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိစားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှကြီးမှူး၍ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်း အချိန်က တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်ရှိ ကျောက်မြောင်းလမ်းတွင် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စျေးကားများဖြင့် ( Mobile Market ) ဖွင့်လှစ်၍ စျေးနှုန်းချိုသာစွာ ရပ်ကွက်များအတွင်း လိုက်လံရောင်းချပေးခဲ့ကြသည်။