မာန်အောင် မေ ၂၆
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူ နိုင်ခွင့်ရရှိစေရန် ရည်ရွယ်၍ “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေဖို့ ကျောင်းအပ်နှံကြပါစို့” အသိပညာပေးဆိုင်းဘုတ် စိုက်ထူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးသူရိန်စိုးနှင့် ဌာနဆိုင်ရာများ လာရောက်အားပေးကြည့်ရှုခဲ့ကြသည်။
မာန်အောင်မြို့နယ်တွင် မေလ (၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိကို ကျောင်းအပ်နှံရေး သီတင်းပါတ် အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သိန်းဖေ(ပြန်/ဆက်)