အမြို့မြို့အနယ်နယ်သတင်းများ

May 26,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာ‌ရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက် ရှိ အခြေခံပညာကျောင်းများအားလုံး မေလ (၂၆) ရက်နေ့မှစတင်၍ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်လက်ခံမည်ဖြစ်ရာ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံး အနေဖြင့်လည်း ယနေ့နံနက်မှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
May 26,2022
နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားကို အကောင်အထည်ဖော်ရာတွင် လက်ခံရမည့်အချက်မှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဖြစ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အဓိကကျသည့် အခန်းကဏ္ဍ ဖြစ်ပါသည်။
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို  ယနေ့ နံနက် ၉ နာရီ အချိန်က အ.ထ.က(ကျောက်တံခါး)ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 26,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေးသူငယ်များ အခြေခံပညာကို လက်လှမ်းမီ သင်ယူနိုင်ခွင့်ရရှိစေရေးအတွက် ယနေ့ နံနက်( ၉)နာရီအချိန်မှ စ၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် (အခမဲ့)ကျောင်းအပ်နှံခြင်းအား သက်ဆိုင်ရာကျောင်းများတွင် စတင်လက်ခံ ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့နံက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 26,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာဖြစ်သည့် ဒေါင်းရပ်အရှေ့ကျေးရွာတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧပြီလကစိုက်ပျိုးထားရှိ သည့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှပ်ခြင်းနှင့် မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်ကကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာများနှင့် တောင်သူလယ်သမားများ တက်ရောက် သည်။
May 26,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန် ပုံငွေများဖြင့် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်တာဝန်ယူပြီး မုံရွာမြို့ ကန်သာယာကန် ဖွံ့ဖြိုးတိုးတက်ရေးနှင့်သာယာလှပရေး လုပ်ငန်းများကို မတ်လ ၂၁ ရက်နေ့မှ စတင်ကာ ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ အဆင့်မြှင့်တင်ခြင်းလုင်ငန်းများ ၃၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြောကြားသည်။
May 26,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်က ကျောင်းလာအပ်သော ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ထိန်းသူများဖြင့် စည်းကားနေကြောင်း တွေ့ရသည်။