အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2022
ဧရာဝတီတိုင်းသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ   ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်အရ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  အခြေခံ ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး သင်တန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 01,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံရန် ကာကွယ်ဆေးထိုး စုရပ်ဖြစ်သည့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင်  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများက ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည့်အပြင်
Jun 01,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 01,2022
မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် "ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့် အညီ  ၂၀၂ ၂-၂၀၂၃ ပညာသင်နှစ်အတွက် ၂၀၂၂ ခုနှစ် မေလ (၂၆) ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်၍
Jun 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ စိုက်ပျိုးရေးတောင်သူများ၏ စိုက်ပျိုးစရိတ်များ အဆင်ပြေစွာ အသုံးပြုနိုင်ရေး၊ သီးနှံအထွက်တိုးရေးနှင့် စိုက်ပျိုးရေးတောင်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ လားရှိုးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သိန္နီမြို့ မြို့တော်ခန်းမတွင် မိုးစပါးစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးခဲ့သည်။
Jun 01,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ပြည်သူ့စွမ်းဆောင်ရည်မြှင့်တင်ရေးသံဂဟေဆက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 01,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉‌‌ရောဂါ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် (Omicron) ကူးစက်မှုလျော့နည်းစေရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀)နာရီမှ ညနေ(၃:၀၀)နာရီအထိ ၂/တောင် ရပ်ကွက်၊ရန်​ပြေ(၃)လမ်းထိပ် ရန်အောင်မြေဓမ္မာရုံ၊ ဇိနမာရ်​​အောင်​စေတီ​တော်၀င်း၊ ၁၀၈/​တောင်ဘုရား၀င်းစသည့်​ဆေးထိုးစုရပ်တို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံဆောင်ရွက်လျက်ရှိသည်။
Jun 01,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။