ကွန်ဟိန်း ဇွန် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် အသက် ၈၅ နှစ်နှင့် အထက်သက်ကြီး ဘိုး(၃၉)ဦး၊ ဘွား(၁၀၂)ဦး၊ စုစုပေါင်း(၁၄၁)ဦးအား အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လအတွက်တစ်ဦးလျှင် ငွေ(၃၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့နိုင်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ထောက်ပံ့ငွေများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
ပြည့်(ကွန်ဟိန်း)