သာကေတမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဦးတည်အုပ်စုအလိုက်ထိုးနှံ  

သာကေတ ဇွန် ၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉‌‌ရောဂါ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် (Omicron) ကူးစက်မှုလျော့နည်းစေရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀)နာရီမှ ညနေ(၃:၀၀)နာရီအထိ ၂/တောင် ရပ်ကွက်၊ရန်​ပြေ()လမ်းထိပ် ရန်အောင်မြေဓမ္မာရုံ၊ ဇိနမာရ်​​အောင်​စေတီ​တော်၀င်း၊ ၁၀၈/​တောင်ဘုရား၀င်းစသည့်​ဆေးထိုးစုရပ်တို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ phase-10(Covaxin)နှင့် Phase-10(Sinovac) ဒုတိယအကြိမ် ကာကွယ်​ဆေးထိုးနှံခြင်း၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား P-11 ပထမအကြိမ်(CoviShield)ထိုးနှံခြင်း၊ အသက်(၁၅)နှစ်နှင့် (၁၈)နှစ် ကြားရှိ ပြည်သူများအား Phase-11 ပထမအကြိမ် (Covaxin)ထိုးနှံခြင်း၊ ထပ်ဆောင်း ကာကွယ်ဆေး Booster ထိုးနှံခြင်းများ ကို၃/ရန်ပြေရပ်ကွက်၊ ၃/မာန်ပြေရပ်ကွက်၊ ၄/တောင်ရပ်ကွက်၊၂​တောင်ရပ်ကွက်၊ /ထူပါရုံရပ်ကွက်၊ ၂/  မြောက် ရပ်ကွက် ရှိပြည်သူ (၄၄၉)ဦး၊ /ရပ်ကွက် ၊စက်မှုလက်မှု၊ ၁/အ​နော်မာရပ်ကွက်၊၇/အ​ရှေ့ရပ်ကွက်၊၇/အ​နောက်ရပ်ကွက်ရှိ ပြည်သူ(၃၀၇)ဦး၊ /ရပ်ကွက်၊၁၀/​တောင်ရပ်ကွက်၊၁၀/​မြောက်ရပ်ကွက်၊ရှိ ပြည်သူ(၄၁၁)ဦး၊ စုစု​ပေါင်း (၁၁၆၇)ဦးတို့အား ဦးတည်အုပ်စုအလိုက် ထိုးနှံဆောင်ရွက်ခဲ့ သည်။

သာကေတမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ရာနှုန်းပြည့် လွှမ်းခြုံမှုရရှိစေရန်   မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့ ဥက္ကဋ္ဌဦးညီညီအောင် စီမံကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဝေယျာမင်း