အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဟိုပုံးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးခေတ်မီစံပြကျေးရွာ (SMART VILLAGE) အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာတွင်  အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက သင်တန်းသား(၂၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်းသည်။
Jun 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မိုးကြိုးဘေးသင့်သေဆုံးသူနှင့် လေဘေးသင့်အိမ်ထောင်စုဝင်များအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးရုံး၌ ပေးအပ်ခဲ့သည်။
Jun 01,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်း ကိုဗစ်-၁၉ရောဂါလျော့ နည်းကျဆင်းစေရေးနှင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ယနေ့နံနက်(၉)နာရီမှစတင်၍ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၌ (Covishield) ထိုးနှံပြီး (၆)လပြည့်သူများကို(Booster Dose) များထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 01,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေ းမထိုးနှံရသေးသူ ပြည်သူ များအား စမ်းချောင်းမြို့နယ်  မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီ လမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင်  ယနေ့​နံနက်(၉)နာရီက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ(၂၂)ဦး၊ ဒုတိယအကြိမ် ထိုးနှံသူ(၁၁)ဦးနှင့် တတိယ အကြိမ်Booster Dose ထိုးနှံသူ(၇၇)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ (၁၁၀) ဦး အား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 01,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၆ ရက်နေ့မှစ၍ ယနေ့အထိ ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၁ ရက်နေ့တွင် စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံသူ ၅၃၂ ဦးရှိကြောင်း သိရသည်။
Jun 01,2022
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်မြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် သားဖွားသင်တန်းကျောင်းသို့ သွားရောက်၍ တာဝန်ရှိသူများအား တွေ့ဆုံခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Jun 01,2022
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားမည့် အခြေခံပညာအဆင့် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး ၂၀၂၂-ခုနှစ် ဇွန်လ( ၂ )ရက်နေ့ နံနက်ပိုင်းအချိန်မှ စတင်ကာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။  
Jun 01,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင်းရှိ မြို့ပေါ်၊ ရပ်ကွက်၊ ကျေးရွာပါမကျန် အခြေခံပညာကျောင်းများအလိုက် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်အထိကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်၍ (Kg)အတန်းမှ ဧကဒသမတန်းအထိ ကျောင်းသား/သူများကို နေ့စဉ်(အခမဲ့)ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဇွန်လ ၁ ရက်နေ့တွင် သတ္တမနေ့အဖြစ် မူလတန်းအဆင့်တွင်(၇၅၂)ဦး၊ အလယ်တန်းအဆင့်တွင်(၂၈၃)ဦးနှင့် အထက်တန်းအဆင့်တွင်(၂၉)ဦး ပေါင်း(၁၀၆၄)ဦးအား သက်ဆိုင်ရာအခြေခံပညာကျောင်း(၄၄)ကျောင်းတွင် ကျောင်းအပ်နှံမှုအား ထပ်မံလက်ခံပေးလျက်ရှိကြောင်း သိရှိရသည်။