အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကျန်းမာရေးဆေးပေးခန်းများ၌ ဇွန် ၁ရက်နေ့ နံနက်ပိုင်းမှစ၍ အသက်တစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Jun 01,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၃) ကျောင်း၊ အ.ထ.က(ခွဲ) (၃) ကျောင်း၊ အ.လ.က (၅) ကျောင်း၊ အ.လ.က(ခွဲ) (၁၁) ကျောင်း၊ မူလွန် (၁၅) ကျောင်း၊ အ.မ.က (၃၄) ကျောင်း၊ အ.မ.က(ခွဲ) ၁၂ ကျောင်း၊ စုစုပေါင်း (၈၃) ကျောင်းတို့မှ ကျောင်းသားကျောင်းသူများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ (၂၆) ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယနေ့ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံသော ကျောင်းသားကျောင်းသူ (၈၃၄၄) ဦးရှိကြောင်း သိရသည်။
Jun 01,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများသွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ဆောင်ရွက်ပေးလျက်ရှိ ရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၉.၇၃၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တနင်းဖလုံလမ်းမ‌တွင် ကွန်ကရစ်လမ်းဆောင်ရွက်ခြင်းလုပ်ငန်းကို မေလ ၂၃ ရက်‌နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မေလ ၃၁ ရက်နေ့တွင် လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
Jun 01,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ  လစဉ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက   စုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပခဲ့သည်။
Jun 01,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်များနှင့် လူကြောင့်ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များကြောင့် ဘေးဒုက္ခခံစားကြရသည့် ပြည်သူများအား လတ်တလောစားဝတ်နေရေး ပြေလည်စေရေးအတွက် ကူညီထောက်ပံခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးကို ယနေ့ (၁၀) နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jun 01,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများအား ၂၀၂၂-ခုနှစ် ဇွန်လ(၂)ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား/သူများအား ပညာသင်ကြားပေးမည် ဖြစ်ရာ မိုးရာသီကာလ၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက အ.ထ.က အုတ်ဖိုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အပါအဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။