အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ရေယာဉ်များဖြင့်ခရီးသွားမိဘပြည်သူများနှင့် ရေလုပ်ငန်းဖြင့်အသက်မွေးသူများအား Life Jacket ဝတ်ဆင်သွားလာရေး အသိပေးနှိုးဆော်ခြင်းနှင့် ကယ်ဆယ်ရေးယာဉ်ဖြင့်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ပုလောမြို့ ပုလောချောင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jun 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် မြို့သန့်ရှင်းသာယာ လှပရေးအတွက် ဝန်ထမ်းအင်အား၊ စက်ယန္တယားအင်အားများ အသုံးပြုလျက် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jun 01,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပုလောမြို့နယ်လုံးကျွန် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခန့်က ပုလောမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 01,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းအဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းအနေနှင့် နှစ်ရှည်သီးနှံဖြစ်သည့် ဒူးရင်းသီးစိုက်ပျိုးလုပ်ကိုင်ခြင်းသည် တစ်ခုအပါအဝင်ဖြစ်သည်။
Jun 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း လူမှုရေးပင်စင်ခံစားခွင့်ရှိသူ များအား ထောက်ပံ့ငွေပေးခြင်းကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ရွှေနဒီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 01,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ရှိ တောင်သူအများစုမှာ ၂၀၂၂ ခုနှစ် မိုးစပါးအတွက် မြေဩဇာနှင့်စိုက်ပျိုးရေးဆေးများ ဝယ်ယူသုံးစွဲရာတွင်
Jun 01,2022
ရန်ကုန်အ​နောင်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်  ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံ​ရေးအတွက် ဦးတည်အုပ်စုများအလိုက်ထိုးနှံခြင်းကို အလုံမြို့နယ်ခန်းမ၌ ထိုးနှံ​ပေးလျက်ရှိရာ   ယ​​နေ့တွင်  Phrase- 10 Second Dose ထိုးနှံသူ (၁၀)ဦး၊  Phrase-11 First Dose ထိုးနှံသူ (၁၂) ဦး၊  Boosterထိုးနှံသူ(၄၉) ဦး စုစု​ပေါင်း (၇၁) ဦးတို့အား ထိုးနှံ​ပေးခဲ့​ကြောင်းသိရသည်။
Jun 01,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်းဦးခရိုင် ၊ ငါ့သရောက်မြို့၊ ကူတောကျေးရွာတွင် ဇွန် ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ပဲမြစ်ဖုဇီဝမြေသြဇာ(Rhizobium) သုံးစွဲထားသိုနည်း တောင်သူအသိပညာပေးဆွေနွေပွဲကို ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်က သွားရောက်၍ ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။