မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်

အထက်မင်းလှ ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ကြေး ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ပညာသင်ကြေး ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်ခဲ့ရာ တက္ကသိုလ် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ(၆)ဦးအား တစ်ဦးလျှင် ဗလာစာအုပ်(၁)ဒါဇင်နှင့် ငွေကျပ်(၂၀၀၀ဝ)၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးအား တစ်ဦးလျှင် ဗလာစာအုပ်(၁)ဒါဇင်နှင့် ငွေကျပ်(၁၅၀၀ဝ)၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးအား တစ်ဦးလျှင် ဗလာစာအုပ်(၁)ဒါဇင်နှင့် ငွေကျပ် (၁၀၀၀ဝ)၊ မူလတန်း ကျောင်းသား၊ ကျောင်းသူ (၃၁)ဦးအား တစ်ဦးလျှင် ဗလာစာအုပ်(၁)ဒါဇင်နှင့် ငွေကျပ်(၇၀၀ဝ)နှုန်းတို့ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်တို့က ဝန်ထမ်းသား၊ သမီးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)