သိန္နီ ဇွန် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ စိုက်ပျိုးရေးတောင်သူများ၏ စိုက်ပျိုးစရိတ်များ အဆင်ပြေစွာ အသုံးပြုနိုင်ရေး၊ သီးနှံအထွက်တိုးရေးနှင့် စိုက်ပျိုးရေးတောင်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ လားရှိုးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သိန္နီမြို့ မြို့တော်ခန်းမတွင် မိုးစပါးစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးခဲ့သည်။
ထိုသို့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရေးတောင်သူများအား တောင်သူများ၏ လယ်မြေဧကအပေါ် မူတည်၍ တစ်ဧကလျှင် (၁၅၀၀၀၀/) နှုန်းဖြင့် တောင်သူ (၁၃၀)ဦးအတွက် (၁၉၅၀၀၀၀၀/) ကျပ် (တစ်ရာကိုးဆယ့်ငါးသိန်း)အား ထုတ်ချေးပေးခြင်းဖြစ်သည်။ သိန္နီမြို့နယ်အတွင်းရှိ ကောင်းဟော်ကျေးရွာအုပ်စု၊ နားဆော့ကျေးရွာအုပ်စု၊ ကုန်းညောင်ကျေးရွာအုပ်စုနှင့် ဟိုပန်မျဉ်းကျေးရွာအုပ်စုများမှ စိုက်ပျိုးရေးတောင်သူများကို ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းတစ်ဦးထံမှ သိရသည်။
စောဥမ္မာ(သိန္နီ)