အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦး​​ဇေယျာလင်းသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး  ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ညောင်လွန့်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပခဲ့သည်။
Jun 02,2022
မူရင်းဒေသနှင့်ပျံ့နှံတည်ရှိမှု ခရု၏မူရင်းဒေသမှာ တောင်အမေရိကဖြစ်၍ ထိုင်ဝမ်သို့ ပင်လယ်အစားအစာအဖြစ်ရောက်ရှိလာခဲ့ သည်။ ၁၉၇၉-၁၉၈၀ ခုနှစ်တွင်ထိုင်ဝမ်မှ ဖိလစ်ပိုင်၊ ဂျပန်နှင့် ထိုင်းနိုင်ငံများသို့ပျံနှံ့ဝင်ရောက်လာ သည်။ ယခုအခါစပါးစိုက်ပျိုးသောနိုင်ငံအနှံ့အပြားသို့ပျံ့နှံ့လျက်ရှိသည်။
Jun 02,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များ အသင်းတွေ့ဆုံပွဲနှင့် ကော်မတီအသစ်ရွေးချယ်တင်မြှောက်ဖွဲ့စည်းခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပရာ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခိုင်ဦး၊ မော်လမြိုင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးအောင်ကိုကိုနှင့် ချောင်းဆုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးပြည့်ဖြိုးဝေနှင့် ဝန်ထမ်းများ၊ ချောင်းဆုံမြို့နယ် ဆန်စက်လုပ်ငန်းလုပ်ကိုင်သူများ တက်ရောက်ခဲ့ကြသည်။
Jun 02,2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးသည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့သည်။
Jun 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းကို ယမန်နေ့၊ နံနက် (၉) နာရီ အချိန်မှစ၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Jun 02,2022
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂)ကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊
Jun 02,2022
သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ပုလဲရတနာပရိယတ္ထိ စာသင်တိုက်သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
Jun 01,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစိုက်ပျိုးနိုင်စေရန်အတွက် ရည်ရွယ်ကာ တောင်သူများအား မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။