တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၁၈၄၇)ဦး လာရောက်အပ်နှံ

တောင်တွင်းကြီး ဇွန် ၁

မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် "ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့် အညီ  ၂၀၂ ၂-၂၀၂၃ ပညာသင်နှစ်အတွက် ၂၀၂၂ ခုနှစ် မေလ (၂၆) ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်၍  သူငယ်တန်း (KG) တန်းမှ Grade-11 အထိ ကျောင်းသား၊ သူများအား နေ့စဉ်ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်ပေးလျက် ရှိပြီး  မေလ (၃၁)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၁၈၄၇)ဦးအထိ လာရောက် ကျောင်းအပ်နှံပြီး ဖြစ်ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် အတွင်း၌ အ.ထ.က(၁၃)ကျောင်း၊ အ.ထ.က(ခွဲ) (၁၅)ကျောင်း၊ အ.လ.က (၂၆)ကျောင်း၊ အ.လ.က (ခွဲ) (၃၃)ကျောင်း၊ အ.မ.က (၁၁၀)ကျောင်း၊ အ.မ.က (ခွဲ) (၁၃)ကျောင်း၊ အ.မ.က(မူလွန်) (၄၃)ကျောင်း၊ စုစုပေါင်း (၂၅၃)ကျောင်းရှိပြီး  ကျောင်းအပ်နှံရေး လက်ခံ ဆောင်ရွက်ရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုဘဲ ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အလိုက် ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ အစရှိသည့် ကျောင်းအသုံးအဆောင် ပစ္စည်းများကို သက်ဆိုင်ရာ ဆရာ၊ ဆရာမများက(အခမဲ့) ထုတ်ပေးခဲ့ကြကြောင်း သိရသည်။

နိုင်ဝင်း (ပြန်/ဆက်)